
(မှုခင်း) ဧပြီ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက် ရတနာလမ်းတွင် ယနေ့နံနက် ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၈နာရီ ၄၅မိနစ် အချိန် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် အမှတ် ၅ ရပ်ကွက်ရှိ လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူတှင့် တိရိစ္ဆာန်များထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးလောင်ရသည့်အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုများအား သက်ဆိုရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။