(ပြည်တွင်း) မတ် ၃၁
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ အစည်းအဝေး ဒုတိယနေ့ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နေရာယူပြီး အစည်းအဝေး ဒုတိယနေ့ စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။ ထို့နောက် အစည်းအဝေး၏ အစီအစဉ်များကို ကြေညာခဲ့ပြီး မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်စာများကို တင်ပြကာ တက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယသမ္မတလောင်းများ၏ အမည်စာရင်းကို ကြေညာခဲ့ပြီး လောင်းလျာနှစ်ဦး ရှိသဖြင့် လျှို့ဝှက်ဆန္ဒမဲပေးခြင်းဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ခံရသော ဒုတိယသမ္မတအမည်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားဝင် ကြေညာခဲ့သည်။

ထို့အပြင် ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတအမည်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

#PAN
11 thoughts on ““ဒုတိယသမ္မတလောင်း ရွေးချယ်မှုပါဝင်သည့် အမျိုးသားလွှတ်တော်အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ကျင်းပ””
Comments are closed.