EV ယာဉ်များအားလုံး လမ်း၊ တံတား အသုံးပြုခ စတင်ပေးဆောင်ရမည်

(ပြည်တွင်း)မတ်လ ၃၁

EV ယာဉ်များအားလုံး လမ်း၊ တံတား အသုံးပြုခစတင်ပေးဆောင်ရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဧပြီလ ၁ ရက်‌ေန့မှစတင်၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပါက အမြန်လမ်းအသုံးပြုခ၊ အခြားလမ်းအပိုင်းများတွင် ဖြတ်သန်းအသုံးပြုပါက ယာဉ်အမျိုးအစား ၂၂ မျိုးအတိုင်း အကျုံးဝင်သည့်ယာဉ်များ၏ ကောက်ခံနှုန်းထားအတိုင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လမ်း-တံတားအသုံးပြုခစတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။

EV ယာဉ်များ သုံးစွဲမှု များလာစေရန်အတွက် လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင်ကာ လမ်း၊ တံတားအသုံးပြုခများအပြင် တင်သွင်းလာသည့် EV ယာဉ်များကို အခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီးလျှပ်စစ်သုံးယာဉ်များ၊ လျှပ်စစ်သုံးယာဉ်များ၏ အပိုဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လမ်းအသုံးပြုခကင်းလွတ်ခွင့်ပြုသည့် ကာလသည် မတ်လ ၃၁ရက်နေ့ နောက်ဆုံးဖြစ်ကြောင်းသိရသည်။

3 thoughts on “EV ယာဉ်များအားလုံး လမ်း၊ တံတား အသုံးပြုခ စတင်ပေးဆောင်ရမည်

  1. Pingback: zoloft ssri
  2. Pingback: sildenafil citrate
  3. Pingback: fluconazole tablet

Comments are closed.