
(ပြည်တွင်း) မတ် ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။
ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီက ဒုသမ္မတရွေးချယ်ရေး ဒုတိယနေ့အဖြစ် ပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလောင်းအဖြစ် မဲခွဲရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ဒုသမ္မတရွေးချယ်ရေးပထမနေ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်းတွေအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေတို့ကို ရွေးချယ်ခဲ့ကြတာပါ။
မနေ့က လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေး (ထားဝယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)က ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အဆိုပြုတင်သွင်းတာကို ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ပါတီကိုယ်စားလှယ် နန်းရီရီဝင်း (ပင်လောင်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)က ထောက်ခံခဲ့တာ ဖြစ်ပါတယ်
ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားလှယ် ဦးနိုင်မင်းဦး (ကြံခင်းပြည့်သူ့လွှတ်တော်မဲဆန္ဒနယ်)က တစညပါတီကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)ကို ဒုသမ္မတလောင်းအဖြစ် အဆိုပြု တင်သွင်းတာကို တစညပါတီကိုယ်စားလှယ် ဦးမိုးတင် (စေတုတ္တရာပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)က ထောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပြုထောက်ခံခြင်းခံခဲ့ရတဲ့ ဒုသမ္မတလောင်းတွေဟာ တစ်ဦးထက်ပိုနေတဲ့အတွက် နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်နိုင်ရေးအတွက် စိစစ်ရေအဖွဲ့ဝင်အဖြစ် လွှတ်တ်တော်က အမည်စာရင်းတွေ တင်သွင်းခဲ့ကြရာမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးခင်မောင်စိုး (လှည်းကူးပြည်သူ့လွတ်တော်မဲဆန္ဒနယ်)ကို ဒုသမ္မတလောင်း စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပြည်ခိုင်ပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်း (မိတ္ထီလာပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)က အဆိုတင်သွင်းတာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဒေါက်တာသန့်ဇော်လွင် (ညောင်လေးပင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒုသမ္မတရွေးချယ်ရေး ဒုတိယနေ့မှာတော့ ဒုသမ္မတလောင်းတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေတို့ နှစ်ဦးကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်ဆန္ဒမဲပေးပြီး နိုင်ငံတော်သမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
မဲပေးရာမှာ မဲပေးခွင့်ရှိသူ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၀ ဦးရှိရာက ပယ်မဲ ၃ မဲ ရှိခဲ့ပြီး သမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်က ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ၁၀ မဲနဲ့ ရွေးကောက်ခံပြည်သူ့လွှတ်တော်အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး (ငြိမ်) မင်းအောင်လှိုင်ကို တတိယအကြိမ် ဒိမိုကရေစီအစိုးရရဲ နိုင်ငံတော် သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အစုအဖွဲ့က တက်လာတဲ့ သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်းမင်းအောင်လှိုင်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်အစုအဖွဲ့က တက်လာတဲ့ ဒေါ်နန်းနီနီအေးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တက်လာတဲ့ ဦးညိုစော စုစုပေါင်း သမ္မတလောင်း ၃ ဦးကို ပြည်ထောင်စုလွှတ်တော်ခေါ်ယူပြီး မဲပေးရွေးချယ်ကာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတအဖြစ်နဲ့ ကျန်နှစ်ဦးက နိုင်ငံတော်ရဲ့ ဒုတိယသမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီအစိုးရရဲ့ ၅ နှစ်တာ တာဝန်ကို ထမ်းဆောင်ကြရမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတဖြစ်ဖို့ ရာနှုန်းပြည့်အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
#PAN
6 thoughts on “တပ်ချုပ်ကို သမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော် အတည်ပြု”
Comments are closed.