မြန်မာနိုင်ံငံရဲ့ ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် ဒေါ်နန်းနီနီအေးကို အမျိုးသားလွှတ်တော် ရွေးချယ်

(ပြည်တွင်း) မတ် ၃၁

ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးကို မြန်မာနိုင်ံငံရဲ့ ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် ရွေးကောက်ခံအမျိုးသားလွှတ်တော်အစုအဖွဲ့က ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီက ဒုသမ္မတရွေးချယ်ရေး ဒုတိယနေ့အဖြစ် ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် မဲခွဲရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ဒုသမ္မတရွေးချယ်ရေးပထမနေ့က ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်းတွေအဖြစ် ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာတူးဂျာတို့ကို ရွေးချယ်ခဲ့ကြတာပါ။

မနေ့က လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးလှသိန်း (ပဲခူးတိုင်းအချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂)က ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး (အချိုးကျကိုယ်စားပြုစနစ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂)ကို အဆိုတင်သွင်းရာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးရှားရယ် (ကယားပြည်နယ်မဲအများဆုံးရသူအနိုင်ယူစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁)က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစညပါတီကိုယ်စားလှယ် ဦးသန်းအေး (ခေါ်) ဦးတင်ဦး (တနင်္သာရီတိုင်းဒေသကြီးအချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁)က ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားလှယ် ဒေါက်တာမနန်တူးဂျာ (ကချင်ပြည်နယ်အချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂)ကို ဒုသမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့တာကို တစညပါတီကိုယ်စားလှယ် ဦးစောသွင် (မကွေးတိုင်းဒေသကြီးအချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁)နဲ့ မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ် ဦးရဲထွဋ်အောင် (မွန်ပြည်နယ်အချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁)တို့ နှစ်ဦးက ထောက်ခံခဲ့ကြတာလည် ဖြစ်ပါတယ်။

အဆိုပြုထောက်ခံခြင်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်နိုင်ရေးအတွက် စိစစ်ရေအဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာလွှတ်တော်က အမည်စာရင်းတွေ တင်သွင်းခဲ့ကြပါတယ်။

အဲဒီလိုတင်သွင်းခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးလှသိန်း (ပဲခူးတိုင်းအချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂)ကို စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပြည်ခိုင်ပါတီကိုယ်စားလှယ် ဦးအောင်တင်မြင့် (ဧရာဝတီတိုင်းဒေသကြီးအချိုးကျကိုယ်စားပြုစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁)က အဆိုတင်သွင်းတာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးရဲမြင့်ထွန်း (ပဲခူးတိုင်းဒေသကြီး မဲအများဆုံရသူအနိုင်ယူစနစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၄)က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒုသမ္မတရွေးချယ်ရေး ဒုတိယနေ့မှာတော့ ဒုသမ္မတလောင်းတွေဖြစ်ကြတဲ့ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာတူးဂျာတို့ နှစ်ဦးကို ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်ဆန္ဒမဲ​ပေးပြီး ဒုတိယသမ္မတအဖြစ် ဒေါ်နန်းနီနီအေးကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

မဲပေးရာမှာ မဲပေးခွင့်ရှိသူ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅၅ ဦးရှိရာက သမ္မတလောင်းအဖြစ် ဒေါ်နန်းနီနီအေးက ၁၁၇ မဲ၊ ဒေါက်တာတူးဂျာက ၃၈ မဲနဲ့ ရွေးကောက်ခံအမျိုးသားလွှတ်တော်အစုအဖွဲ့က ဒေါ်နန်းနီနီအေးကို တတိယအကြိမ် ဒိမိုကရေစီအစိုးရရဲ နိုင်ငံတော် သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အစုအဖွဲ့က တက်လာတဲ့ သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်းမင်းအောင်လှိုင်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်အစုအဖွဲ့က တက်လာတဲ့ ဒေါ်နန်းနီနီအေးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တက်လာတဲ့ ဦးညိုစော စုစုပေါင်း သမ္မတလောင်း ၃ ဦးကို ပြည်ထောင်စုလွှတ်တော်ခေါ်ယူပြီး မဲပေးရွေးချယ်ကာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတအဖြစ်နဲ့ ကျန်နှစ်ဦးက နိုင်ငံတော်ရဲ့ ဒုတိယသမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီအစိုးရရဲ့ ၅ နှစ်တာ တာဝန်ကို ထမ်းဆောင်ကြရမှာလည်း ဖြစ်ပါတယ်။

ဒေါ်နန်းနီနီအေးဟာ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပါတီဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သလို ပထမအကြိမ်အစိုးရသက်တမ်းနဲ့ ဒုတိယအကြိမ်အစိုးရသက်တမ်းမှာ အမျိုသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ တတိယအကြိမ်အစိုးရသက်တမ်းမှာ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီးနောက် အခုလို မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဒုသမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

#PAN

4 thoughts on “မြန်မာနိုင်ံငံရဲ့ ပထမဆုံး အမျိုးသမီးဒုသမ္မတအဖြစ် ဒေါ်နန်းနီနီအေးကို အမျိုးသားလွှတ်တော် ရွေးချယ်

  1. Pingback: lasix generic cost

Comments are closed.