
(ပြည်တွင်း) မတ် ၃၁
စက်သုံးဆီဝယ်ယူသုံးစွဲသူ ပြည်သူများ နစ်နာမှုမရှိစေရန်နှင့် ဆီဈေးကွက် တည်ငြိမ်စေရန်အတွက် စွမ်း အင်ဝန်ကြီးဌာနသည် Bar Code/ QR Code စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စည်းကမ်းဖောက် ဖျက်သည့် ဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်းကာ တာဝန်ရှိသူများကို အရေးယူထားကြောင်းနှင့် အခြားဆိုင် ၂၄ ဆိုင်ကို ပြင်းထန်စွာ သတိပေးထားကြောင်း သိရသည်။
ပြည်သူများ တိုင်ကြားမှုကြောင့် ယာယီပိတ်သိမ်း ထားသော ဆီဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၃ ဆိုင်( ပျဉ်းမနားရှိ “TGB”၊ ပုဗ္ဗသီရိရှိ “ရွှေပိုး” နှင့် “Terminal 001”)၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ ဆိုင်(ပုသိမ်ကြီးရှိ “Away”၊ အမရပူရရှိ “အောင်ဗိုလ်ဟိန်း”၊ စဉ့်ကိုင်ရှိ “စိန်စီအောင်”၊ ပြည်ကြီးတံခွန်ရှိ “အောင်သန်းကျော်”၊ “အောင်သိဒ္ဒိ”၊ “ရွှေခြင်္သေ့”၊ “မိုးကောင်းကင်” နှင့် “စွမ်းအင်”)၊ ရန်ကုန်တိုင်းဒေသကြီးတွင်၂ ဆိုင်(သန်လျင်ရှိ “Apex” နှင့် ဒဂုံသစ်အရှေ့ပိုင်းရှိ “BOC”)၊ မွန်ပြည်နယ်တွင် ၄ ဆိုင်၊(မော်လမြိုင်ရှိ “စွမ်းမြန်မာ” နှင့် “Parent Love- 01”၊ ကျိုက်မရောရှိ “Puma Power”၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉”) တို့ ဖြစ်ကြသည်။
QR Code စနစ်ဖြင့် Scan ဖတ်ခြင်းမပြုဘဲ ရောင်း ချနေကြောင်း Online Monitoring Center မှ စိစစ်တွေ့ရှိရသည့် စက်သုံးဆီဆိုင် ၂၄ဆိုင်(နေပြည်တော်ကောင်စီနယ်မြေမှ (၃) ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ (၄) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ (၁၀) ဆိုင်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ (၇) ဆိုင်တို့အား နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိပေးထားသည်ဟု ဆိုသည်။၎င်းဆီဆိုင်များအနေဖြင့် လိုက်နာမှုမရှိပါက ထိရောက်စွာ ဆက်လက်အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
ပြည်သူများ ဆီဝယ်ယူရာတွင် အဆင်ပြေစေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော QR Code စနစ်အား မြို့ကြီးများနှင့် အမြန်လမ်းမကြီးတစ်လျှောက်တွင် ကျင့်သုံးနေပြီဖြစ်သည်။ အခက်အခဲရှိပါက Call Center သို့ နေ့စဉ် နံနက် (၆) နာရီမှ ည (၁၀) နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။
#FuelActionMyanmar #EnergyMinistry #ConsumerProtection #FuelUpdateMyanmar #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN
9 thoughts on “စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူပြီး ဆိုင် ၂၄ ဆိုင်ကို ပြင်းထန်စွာသတိပေး – စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်”
Comments are closed.