ဆွေးနွေးမှုများ ဆောင်ရွက်နေပြီဟု ထရန့် ထပ်မံပြောကြားနေသော်လည်း တီဟီရန်တောင်ပိုင်းတွင် ၁၂ ဦး သေဆုံး

(နိုင်ငံတကာ)မတ် ၂၅

    အီရန်အစိုးရဘက်က ဆွေးနွေးမှုများရှိနေသည်ဟူ သော ပြောကြားချက်များကို “သတင်းမှား (Fake News)” ဟု တုံ့ပြန်ခဲ့သော်လည်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများ အမှန်တကယ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ထပ် လောင်း ပြောကြားလိုက်သည်။

      သို့သော် အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ တီဟီရန်မြို့တောင်ပိုင်းရှိ နေရာတစ်ခုအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုအတွင်း အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

      တစ်ဖက်တွင်လည်း အီရန်နှင့် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့တို့က အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် တယ်လ်အဗီးဗ် (Tel Aviv) မြို့တို့ကို ပစ်မှတ်ထား၍ ဒုံးကျည်လှိုင်းသစ်များဖြင့် ပြန်လည်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး တစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့သည်။

     အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းဒေသကို သိမ်းပိုက်ရန် အစီအစဉ်များ ချမှတ်ပြီးနောက် ထိုဒေသအတွင်းသို့ ပိုမိုတိုးဝင် ထိုးစစ်ဆင်လျက်ရှိပြီး၊ ပြီးခဲ့သည့် တစ်ရက်အတွင်း သေဆုံးသူအရေအတွက်မှာ ၃၃ ဦးအထိ မြင့်တက်လာခဲ့သည်။

​#PositiveAngleNews #MiddleEastWar #Trump #Iran #Israel #Hezbollah #BreakingNews #WorldPolitics

Telegram»…
https://t.me/positiveanglenews

#PAN