အမေရိကန်-အီရန် စစ်ပွဲ၏ အကျိုးဆက်ကြောင့် ပြီးခဲ့သည့်အပတ်အတွင်း S&P 500 စတော့အညွှန်းကိန်း၏ ဈေးကွက်တန်ဖိုး(Market Cap) ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံးသွား

(နိုင်ငံတကာ)မတ် ၂၂

     အမေရိကန်-အီရန် စစ်ပွဲအကျိုးဆက်အဖြစ် အမေရိကန်စတော့ဈေးကွက်သည် ၄ ပတ်ဆက်တိုက် ဖိအားပေးခံနေရဆဲဖြစ်သည်။ S&P 500 အညွှန်းကိန်းသည် ပြီးခဲ့သည့်အပတ်က ၂.၅၀ ရာခိုင်နှုန်းကျော် ထပ်မံကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုး (Market Capitalizat – ion) ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံးခဲ့သည်။

      အမေရိကန်စတော့ဈေးကွက်၏ အဓိကစံနှုန်းဖြစ်သော အဆိုပါအညွှန်းကိန်းသည် အမေရိကန်-အီရန် စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်ဒဏ်ကြောင့် Wall Street တွင် ဆက် တိုက်ဖိအားပေးခံနေရခြင်း ဖြစ် သည်။ တစ်လအတွင်း အဆိုပါအညွှန်းကိန်းသည် ၅.၈၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံကျော် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

      အဆိုပါအညွှန်းကိန်းသည် တစ်နှစ်အတွင်း အရှည်ကြာဆုံး ၄ ပတ်ဆက်တိုက် ဈေးနှုန်းကျဆင်းမှု (Losing Streak) ဖြစ်သည်။

     ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ စစ်ပွဲကြောင့် ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း ငွေကြေးဖောင်းပွမှု (Inflation) ကို ပိုမိုဆိုးရွားစေ သည်။

     ငွေကြေးဖောင်းပွမှုကြောင့် အမေရိကန်ဗဟိုဘဏ် (Fed) အနေနဲ့ အတိုးနှုန်းကို လျှော့ချပေးဖို့ လမ်းစမရှိတော့ဘဲ လက်ရှိအတိုးနှုန်းမြင့်ကိုသာ ဆက်ထိန်းထားရတဲ့အတွက် စီးပွားရေးအပေါ် ဖိအားဖြစ်စေသည်။

     Siebert Financial ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာ ရှိချုပ် Mark Malek က “စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတာဟာ ခန့်မှန်းထားတာထက် ပိုပြီးကြာ ရှည်သွားတော့မယ်ဆိုတဲ့ လက်တွေ့ဘဝကို ဈေးကွက်က အခုမှ စတင်သဘောပေါက်လာပြီလို့ ထင်ပါတယ်။ အီရန်အစိုးရဟာ သူတို့ရဲ့ ဗျူဟာစာအုပ်ထဲက နောက် ဆုံးစာမျက်နှာဖြစ်တဲ့ MAD (Mutually Assured Destruction – နှစ်ဦးနှစ်ဖက် အပြန်အလှန် ပျက်စီးစေခြင်း) ဗျူဟာကို အသုံးပြုနေပြီဆိုတာ ရှင်းနေပါတယ်” ဟု ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံသူတွေက စတော့ရှယ်ယာတွေကို ထုတ်ရောင်းပြီး ဘေးကင်းရာ (Safe Haven) ဆီ ရွှေ့ပြောင်းနေကြသည်။

#PositiveAngle #SP500Crash #USIranWarEffect #MarketVolatility2026 #GlobalEconomy #WallStreetNews

Telegram»…
https://t.me/positiveanglenews

#PAN