အစ္စရေး၏ အကြီးဆုံးဓာတ်အားပေးစက်ရုံကို အီရန်ဒုံးကျည်ထိမှန်- နိုင်ငံတစ်ဝန်း လျှပ်စစ်မီးများ ပြတ်တောက်

(နိုင်ငံတကာ)မတ် ၁၀

     အစ္စရေးနိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်တဲ့ အိုရော့တ်ရာဘင် (Orot Rabin) ဓာတ် အားပေးစက်ရုံကို အီရန်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခဲ့ပြီး အစ္စရေးနိုင်ငံတစ်ဝန်း အမှောင်ထုဖုံးလွှမ်းသွားခဲ့ရပါတယ်။

     အစ္စရေးနိုင်ငံ၊ ဟဒဲရား (Hadera) မြို့မှာ တည်ရှိပြီး နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက် အများစုကို ဖြည့်ဆည်းပေးနေတဲ့ Orot Rabin ဓာတ်အားပေးစက်ရုံကို အီရန်ရဲ့ ဘောလစ်စတစ်ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အစ္စရေးရဲ့ အခြေခံအဆောက်အအုံအပေါ် အီရန်ရဲ့ အထိရောက်ဆုံး တိုက်ခိုက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

     ဒုံးကျည်ထိမှန်မှုကြောင့် စက်ရုံအတွင်း ပြင်းထန်စွာ ပေါက်ကွဲမီးလောင်ခဲ့ပြီး ဓာတ်အားထုတ်လုပ်မှုစနစ် တစ်ခုလုံး ရပ်တန့်သွားခဲ့ပါတယ်။

     တဲလ်အဗီးဗ် (Tel Aviv)၊ ဟိုင်ဖာ (Haifa) နဲ့ ဂျေရုဆလင် (Jerusalem) မြို့ကြီးတွေအပါအဝင် အစ္စရေးနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လျှပ်စစ်မီးများ တစ်ပြိုင် နက်တည်း ပြတ်တောက်သွားခဲ့ရပါတယ်။

     ဆေးရုံတွေ၊ ဆက်သွယ်ရေးစနစ်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်အချို့အတွက် အရေးပေါ်အရန်မီးစက်တွေကို အသုံးပြုနေရပြီး၊ မြို့ပြလုပ်ငန်းစဉ်များစွာ ရပ်တန့်နေတယ်လို့ သိရပါတယ်။

     အီရန်ဟာ အစ္စရေးရဲ့ စစ်ဘက်ပစ်မှတ်တွေတင်မကဘဲ အခုလို အရေးပါတဲ့ စွမ်းအင်ကဏ္ဍကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတာဟာ စစ်ပွဲကို အဆင့်သစ်တစ်ခု (Total War) ဆီကို တွန်းပို့လိုက်တာ ဖြစ်ပါတယ်။

     အစ္စရေးစစ်ဘက်က ဤတိုက်ခိုက်မှုအပေါ် ပြင်း ထန်စွာ လက်တုံ့ပြန်သွားမည်ဟု ကြေညာထားသဖြင့် စစ်မီးပိုမိုတောက်လောင်လာမည့် အခြေအနေတွင် ရှိနေပါတယ်။

#PositiveAngle #IsraelEnergyCrisis #OrotRabin #IranMissileAttack #Blackout #MiddleEastWar #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN