
(နိုင်ငံတကာ)မတ် ၁၀
သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်စကားပြောကြားခဲ့ပြီး အရေးပါသော ကမ္ဘာ့ပထဝီနိုင်ငံရေး ပြဿနာရပ်အချို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အမေရိကန်ဘက်မှ စတင်ကမ်းလှမ်းခဲ့သော ဤဖုန်းခေါ်ဆိုမှုတွင် အီရန်နိုင်ငံအတွင်း လုပ်ဆောင်နေသည့် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးများနှင့် ယူကရိန်းပဋိပက္ခအရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
သမ္မတ ပူတင်သည် အီရန်စစ်ပွဲကို သံတမန်နည်းလမ်းဖြင့် အမြန်ဆုံး အခြေချဖြေရှင်းနိုင်မည့် အဆိုပြုချက်များကို ထရမ့်ထံ မျှဝေခဲ့သည်။ သမ္မတ ထရမ့်က အီရန်စစ်ပွဲကို “ရေတိုစစ်ဆင်ရေး” (Short-term excursion) အဖြစ်သာ ဖော်ပြခဲ့ပြီး လောင်စာဆီပြတ်လပ်မှုများကို လျှော့ချနိုင်ရန် အီရန်အပေါ် ချမှတ်ထားသည့် ရေနံဆိုင်ရာ ပိတ်ဆို့အရေးယူမှုအချို့ကို ကင်းလွတ်ခွင့်ပေးနိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ထရမ့်က ယူကရိန်းစစ်ပွဲတွင် အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ခု ရရှိရန် ၎င်း၏ စိတ်ဝင်စားမှုကို ထပ်လောင်းပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့များ ရှေ့တိုးလာနေသည့် လက်ရှိမြေပြင်အခြေအနေပေါ် မူတည်၍ တိုးတက်မှုများရှိလာရန် လိုအပ်ကြောင်း ပူတင်က အလေးပေးပြောဆိုခဲ့သည်ဟု ကရင်မလင်က ထုတ်ပြန်သည်။
တစ်နာရီခန့် ကြာမြင့်သော ဤဆွေးနွေးမှုကို “ပွင့်လင်းရိုးသားပြီး လုပ်ငန်းသဘောဆန်သော” (Frank and businesslike) ဆွေးနွေးမှုအဖြစ် ကရင်မလင်က ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ဗင်နီဇွဲလားနိုင်ငံ၏ အခြေ အနေနှင့် ကမ္ဘာ့ရေနံဈေးကွက်အပေါ် သက်ရောက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
ဖုန်းပြောပြီးနောက် ထရမ့်က ၎င်း၏ ဖလော်ရီဒါ ဂေါ့ဖ်ကလပ်တွင် သတင်းထောက်များကို ပြောကြားရာ၌ ပူတင်နှင့် “အလွန်ကောင်းမွန်သော စကားပြောဆိုမှု” ရှိခဲ့ကြောင်းနှင့် ရုရှားခေါင်းဆောင်သည် အရှေ့အလယ်ပိုင်းအရေးတွင် အပြုသဘောဆောင်သော ဆောင်ရွက်လိုစိတ်ရှိကြောင်း ပြောဆိုခဲ့သည်။
#PositiveAngle #TrumpPutinCall #IranWar #UkraineConflict #OilMarket #GlobalDiplomacy #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN