
(နိုင်ငံတကာ)မတ် ၆
Las Vegas ရှိ MGM Grand ဟိုတယ်မှာ ၂၅ နှစ်တိုင်တိုင် ဖျော်ဖြေတင်ဆက်လာခဲ့တဲ့ “David Copperfield” မျက်လှည့်ရှိုးပွဲကို ဧပြီလ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် မှာ အပြီးသတ် ပိတ်သိမ်းတော့မှာဖြစ်ကြောင်း MGM Resorts နဲ့ David Copperfield တို့က မတ်လ ၅ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
တရားဝင် ထုတ်ပြန်ချက်မှာတော့ အကြောင်းရင်းကို အတိအကျ ဖော်ပြထားခြင်း မရှိပေမဲ့၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ထွက်ပေါ်လာခဲ့တဲ့ Epstein Files (ဂျက်ဖရီ အက်ပ်စတိန်း၏ အမှုတွဲများ) နဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။

မကြာသေးမီက ထွက်ပေါ်လာတဲ့ ဖိုင်တွဲများအရ Copperfield နဲ့ Epstein တို့အကြား “အလွန်နီးကပ်တဲ့ ဆက်ဆံရေး” ရှိခဲ့ကြောင်း FBI ရဲ့ မှတ်တမ်းအချို့မှာ ပါဝင်နေပါတယ်။ Copperfield ဟာ Epstein ရဲ့ ဧည့်သည်တွေအတွက် ဖျော်ဖြေပွဲလက်မှတ်တွေ အခမဲ့ပေးခဲ့တာ၊ ဖုန်းသတင်းစကား (Phone Messages) အကြိမ်ကြိမ် ပေးပို့ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖိုင်များထဲမှာ Copperfield ဟာ မော်ဒယ်လ် Claudia Schiffer နဲ့ Epstein ရဲ့ ကျွန်းပေါ်မှာ စေ့စပ်ခဲ့တယ်လို့ ဆိုတဲ့ အချက်အလက်အချို့ ပါဝင်နေတာကြောင့် ပိုမို လူပြောများလာခဲ့ပါတယ်။
David Copperfield ဘက်ကတော့ Epstein နဲ့ သူဟာ အသိအကျွမ်းမျှသာဖြစ်ပြီး ဘယ်လိုမျိုး မှားယွင်းတဲ့ လုပ်ရပ် ဒါမှမဟုတ် တရားမဝင်တဲ့ ကိစ္စရပ်တွေမှာမှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။
Copperfield ကမူ ၎င်းအနေဖြင့် အဆိုပါရှိုးပွဲကို ပိတ်သိမ်းပြီးနောက် “ပိုမိုကြီးမားပြီး စိန်ခေါ်မှုရှိသော စီမံကိန်းအသစ်” တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN