ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု အတည်ပြုပေး

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ၂၄ ရက်က ရန်ကင်းမြို့နယ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၂/၂၀၂၆)အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းမှာ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Polyester အမျိုးမျိုး၊ Synthetic Fabrics and Lining Materials ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချခြင်းလုပ်ငန်းဖြစ်ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၂၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။