
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးဟာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ သံရုံးက သူ့ရဲ့လူမှုကွန်ယက်ကနေ ကြေညာပါတယ်။
ကောင်စစ်ဝန်ဆောင်မှုတွေ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်တွေအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်တွေအားလုံးကို ဘန်ကောက်မြို့မှာရှိတဲ့ ဖင်လန်သံရုံးက ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။
ဗီဇာနဲ့သက်ဆိုင်သောဝန်ဆောင်မှု့တွေအတွက် ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမှာဖြစ်ပြီး အခြားကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့ တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။