အမြန်လမ်းတွင် မော်တော်ယာဥ် ၁စီး လမ်းလယ်ကျွန်းရှိိ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွား၊ ယာဥ်မောင်းသေဆုံး

(မှုခင်း)အောက်တိုဘာ ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၄-၆/၇တွင် မော်တော်ယာဥ် ၁စီးသည် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းရှိိ သစ်ပင်အားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက် မွန်းလွဲ၁နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်သို့ ယာဉ်မောင်း အမျိုးသား၁ဦးတည်း​​မောင်းနှင်လာသည့် TOYOTA Hilux Surf အမျိုးအစား အနက်ပြာရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရပင်အားတိုက်မိပြီး ဆန့်ကျင်ဖက်ယာဉ်ကြော မြေသားတာ​ဘောင်ပေါ်အထိ ရောက်ရှိခဲ့‌‌သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး Guard Rail (၁)ခန်းနှင့် အရိပ်ရအပင်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN