မလှိုင်မြို့နယ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုကြောင့် တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

(မှုခင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ စက်ဘီးအရောင်းဆိုင်တစ်ဆိုင်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ရာ အနီးအနားတွင် ရှိနေသည့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီအချိန်တွင် မလှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ “မျိုးအောင်” စက်ဘီးရောင်းဝယ်ရေးဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခဲ့ပြီး ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါလက်ပစ်ဗုံးသည် ဆိုင်ရှေ့တွင် ပေါက်ကွဲသွားခဲ့ရာ အနီးအနား၌ ရှိနေသည့် အသက် ၈၅ နှစ်အရွယ် ဒေါ်ချိုတီနှင့် အသက် ၅၃ နှစ်အရွယ် ဦးဇော်မိုးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးကို မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း ဒေါ်ချိုတီမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN