


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံမှ အထောက်အထားမဲ့ဝင်ရောက်လာသည့် ရွေ့ပြောင်းလုပ်သားများအား ဖီဂျစ်ခရိုင်ရှိ အဝေးပြေးကားလမ်းမကြီးတွင် အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဖက်ချဘွန်၊ ဖရာနခွန်စီအယုဒ္ဓယ၊ လော့ပ်ဘူရီနှင့် နခွန်စဝမ်ရှိ အဝေးပြေးကားလမ်းမကြီးတွင် ဖေဖော်ဝါရီ ၁၈ ရက်က ကားသုံးစီးဖြင့် အထောက်ထားမဲ့ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၆ ဦးအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့များသည် ရာဇဝတ်မှုနှိမ်နင်းရေးဌာနနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနတို့နှင့်အတူ ဖီဂျစ်ခရိုင်ရှိ လမ်းကြောင်းများကို ကြားဖြတ်စစ်ဆေးနေစဉ် အဆိုပါ မြန်မာနိုင်ငံသား ၂၆ ဦးကို တင်ဆောင်လာသည့် ကားသုံးစီးနှင့် ယာဉ်မောင်းသုံးဦးအား ဖမ်းဆီနိုင်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
အဆိုပါပြောင်းရွေ့အလုပ်သမားများသည် ပွဲစားခအနေဖြင့် တစ်ဦးကို ဘတ်ငွေ ၈၅၀၀ ဘတ် ပေးဆောင်ခဲ့ရကြောင်းထွက်ဆိုခဲ့ကြောင်းသိရပြီး အဆိုပါ အထောက်ထားမဲ့ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။