မုံရွာကိုရောက်လာတဲ့ PDF ကားတစ်စီးကို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီး PDF ၄ ဦး သေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်မှာ လက်နက်တွေကိုင်ဆောင်ကာ MARK II အမျိုးအစားမော်တော်ယာဉ်တစ်စီးနဲ့ သွားလာနေတဲ့ PDF တွေကို လုံခြုံရေးအဖွဲ့က လိုက်လံ ပစ်ခတ်ခဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့၊ သာစည်လမ်းပေါ် မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီ၀န်းကျင်အချိန်က သွားလာနေတဲ့ PDF ကားတစ်စီးကို လုံခြုံရေးလှည့်ကင်းကားကတွေ့ရှိသွားခဲ့ပြီး နောက်ကနေထပ်ချပ်မကွာလိုက်ကာ သာစည်လမ်း၊ ပညာရေးတက္ကသိုလ်အနီးကနေ သာစည်လမ်း မီးပွိုင့်အထိ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြို့ထဲကို သေနတ်တွေနဲ့ ဝင်ရောက်လာတဲ့ PDF တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်တာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး PDF အဖွဲ့ဝင်တွေစီးလာတဲ့ ကားပေါ်မှာ ၁ ဦးကိုအသေဖမ်းဆိးရမိခဲ့ပြီး ကားပေါ်ကနေ ဆင်းပြေးတဲ့ အကပြမ်းဖက်သမား ၃ ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။