မြန်မာနိုင်ငံတွင် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃,၁၄၅ ဖွဲ့အထိ ဖွဲ့စည်းထား

(ပြည်တွင်း) နိုဝင်ဘာ ၁၂

အလုပ်သမားများ၏ အဖွဲ့အစည်းဖွဲ့စည်းခွင့်နှင့် အခွင့်အရေးများ ရရှိစေရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုထားရာ လက်ရှိတွင် အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃,၁၄၅ ဖွဲ့အထိ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃,၀၀၆ ဖွဲ့ရှိခဲ့ရာမှ ယခုအခါ ၃,၁၄၅ ဖွဲ့အထိ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့သဖြင့် ၁၃၉ ဖွဲ့ တိုးလာခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဧပြီလမှ ယခုအချိန်အထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၁၁ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း တစ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း တစ်ဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ် တစ်ဖွဲ့ စုစုပေါင်း ၁၄ ဖွဲ့ ထပ်မံဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းများအနက် ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Coastal Seafarers Federation-MCSF)၊ မန္တလေးတိုင်းဒေသကြီးမှ Ayeyarwaddy Success Venture Foods (MDY) စားသောက်ကုန်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးတိုင်းဒေသကြီးမှ Heri Garment အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ တောင်ငူမြို့မှ တင်တင်စိန်အိတ်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် ပဲခူးမြို့မှ I Like Food စားသောက်ကုန်အခြေခံအလုပ်သမားအဖွဲ့အစည်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN