
(မှုခင်း)ဖေဖော်ဝါရီ ၄
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် နှစ်လုံး/ သုံးလုံးထီလောင်းကစား ပြုလုပ်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖေဖော်ဝါရီ၁ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်နေ ကိုဝေယံထွန်း(၂၄)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ဝေယံထွန်းအား တပ်ကုန်းမြို့မရဲစခန်း (ပ)၁၁/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။