(မှုခင်း) နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်ရှိ K.K.K ဝဥပေါင်းခံစက်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နံနက် ၅ နာရီ ၄၇ မိနစ်တွင် မီးလောင်မှုသတင်းရရှိခဲ့သဖြင့် မွန်ပြည်နယ်မီးသတ်စခန်း၊ မော်လမြိုင်ခရိုင်မီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းနှင့် မြိုင်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ လူမှုကယ်ဆယ်ရေးအသင်းမှ မီးငြှိမ်းသတ်ယာဉ်တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Telegram – t.me/positiveanglenews
#PAN