(ပြည်တွင်း) ဇန်နဝါရီ ၂၈

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၆ မှာ ပါရှိတဲ့ “တည်းခိုနေထိုင်စရိတ်ကျပ် ၅၀၀၀” ဆိုတဲ့ စကားရပ်ကို “တည်းခိုနေထိုင်စရိတ်ကျပ် ၈၀၀၀” ဆိုတဲ့
စကားရပ်နဲ့ အစားထိုးလိုက်ပါတယ်။
ဒါ့အပြင် “အခြားအသုံးစရိတ် ကျပ် ၅၀၀၀” ဆိုတဲ့စကားရပ်ကို “အခြား
အသုံးစရိတ်ကျပ် ၇၀၀၀” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး
အဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၈ မှာ ပါရှိတဲ့ “ကျပ်တစ်သောင်း” ဆိုတဲ့ စကားရပ်ကို “ကျပ်နှစ်သောင်း” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေ နဲ့ အစားထိုး လိုက်တာဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၂ /၂၀၂၆) အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းလိုက်တာဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
#PAN