
(မှုခင်း)ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စု၊မန္တလေး-ပြင်ဦးလွင် အတက်လမ်း၊မိုင်တိုင်အမှတ် ၁၅/၂၊အမျိုးသမီးအကျဥ်းထောင်အနီးမှာ ယနေ့ နံနက် ၇နာရီ ၁၅ အချိန်ခန့်က Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်သည့်နေရာသို့ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယဥ်တိမ်းမှောက်မှုကြောင့်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကျား ၁၆ဦး၊မ ၆ဦး၊ပေါင်း ၂၂ဦးအနက် ၂၁ဦး(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ဦး(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည့်အတွက် မန္တလေးပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

#PAN