ကနီမှာ ဒေသခံတွေ မဲပေးနိုင်ရေး လုံခြုံရေးအဖွဲ့က ပါရာမော်တာနဲ့ကင်းလှည့်ပေးနေ ဟုဆို

(ပြည်တွင်း) ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့ မနက် (၆) နာရီက စတင်ကျင်းပနေတယ်လို့ သိရပါတယ်။

ကနီမြို့က အမှတ်( ၁) (၂) နဲ့ (၃) ရပ်ကွက်မဲရုံတွေကို မနက် ၆ နာရီကစတင်ဖွင့်လှစ်ပြီး မဲပေးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကနီမြို့ကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုရှိခဲ့ပေမယ့် လုံခြုံရေးအဖွဲ့က ပါရာမော်တာနဲ့ ကင်းလှည့်နေတာကြောင့် လက်ရှိမှာတော့ အခြေအနေငြိမ်သက်နေကြသလို မဲပေးမှုတွေလည်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကနီမြို့နယ်က မြို့ပေါ်(၃)ရပ်ကွက်တွင် မဲရုံပေါင်း(၃)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၄၀၇၆)ဦး ရှိတယ်လို့ သိရပါတယ်။

#PAN