KNU လက်အောက်ခံအဖွဲ့တွေက ကြာအင်းဆိပ်ကြီးမြို့ထဲကို လက်နက်ကြီးပစ်ခတ်

(ပြည်တွင်း) ဇန်နဝါရီ ၂၄

KNU လက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ အယ်စေးဝါး(လက်ပြတ်) အဖွဲ့က ဒီ​နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၆ နာရီခွဲခန့်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူတွေက ကြာအင်းဆိပ်ကြီးမြို့ထဲကို လက်နက်ကြီး​တွေနဲ့ ပစ်ထည့်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူတွေမရှိဘူးလို့ သိရပါတယ်။

တပ်မတော်ကလည်း ကျည်လာရာလမကြောင်းကို လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကြာအင်းဆိပ်ကြီးဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ် ပြည်သူထိတ်လန့်မှုတွေရှိနေတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။

သောင်းကျန်းသူတွေထဲကထွက်လာတယ်ဆိုတဲ့အသံအရလို့ဆိုက ဒေသခံတစ်ချို့ကတော့ ဒီ​နေ့ မနက်  ၁၀နာရီ‌ နောက်ပိုင်း အပြင်မထွက်ကြဖို့ ၊ဆိုင်မဖွင့်ကြဖို့ အချင်းချင်း တီးတိုးပြောဆိုနေကြတာလည်း ရှိနေတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

သတင်းအရင်းအမြစ်ရဲ့ပြောဆိုချက်အရ  အယ်စေးဝါး(လက်ပြတ်) အဖွဲ့ဟာ တဂေးရွာမှာ အခြေပြုနေတယ်လို့ သိရပါတယ်။

#PAN