(ပြည်တွင်း) ဇန်နဝါရီ ၂၄

ဘိန်းဖြူ၊ မက်သ်အဖက်တမင်း(Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငတော်အစိုးရက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့က ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲကို သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများ၊ စစ်သံမှူးများလည်းတက်ရောက်ကြကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများနှင့် ဘိန်းစစ်ဆင်ရေး၊ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ EAO များအနေဖြင့် စတင်ရပ်တည်ကတည်းက မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ရပ်တည်ခဲ့ကြသကဲ့သို့ ယခုအထိလည်းလုပ်ကိုင်နေကြဆဲဖြစ်သည့်အခြေအနေများနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်တားဆီးကာကွယ်နှိမ်နင်းရေးတရားမဝင်ရောင်းဝယ်မှုလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဖိဖိစီးစီး စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် အခြေအနေများ၊ Problem of Drug and Drug Problem of People ဟူသည့်အတိုင်းမူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်နေရသည့်ပြဿနာ ဖြစ်သည့်အတွက်အစိုးရအတွက် အခြေခံကျသည့်သတင်းအရင်းအမြစ်များဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၊မီဒီယာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ NGO များ၊ ဒေသခံစီးပွားရေးသမားများနှင့် အခြားသောအဖွဲ့အစည်းများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သတင်းများ ရရှိပါကတာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန် လိုအပ်သည့်အခြေအနေများ၊ ဖမ်းဆီးရမိသည့်မူးယစ် ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အခြေအနေများ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်း၌ရှိသည့် ရနိုင်သမျှသော စွမ်းအားစု၊ အသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက် အရင်းအမြစ်များကိုကြွကြွဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း။ကမူးယစ်ဆေးဝါးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများအား လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ အများအပြား ထပ်မံဖော်ထုတ်ရရှိခဲ့သည့်အခြေအနေများ၊ ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်မှ ဇန် ၂၂ ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် စိစစ်သုံးသပ်တွေ့ရှိချက်များ၊ ထပ်မံဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
#PAN