

(မှုခင်း)ဇန်နဝါရီ ၂၀
တာချီလိတ်မြို့နယ်၊ဖန်မင်ကျေးရွာအုပ်စု၊ကော့မကိန်ကျေးရွာအနီးရှိ ရော်ဘာခြံတွင် ယနေ့နံနက်၂နာရီအချိန်ခန့်က အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သိရသည်။
အဆိုပါသေဆုံးသူမှာ ဖန်မင်အုပ်စု၊စံပယ်ကျေးရွာ စိုင်းခမ်းခေါင်(ဘ)ဦးယောနီ(သ)၂၂/၂၀၂၆နှစ်၊ရှမ်းလူမျိုးဖြစ်ပြီး ဝဲဘက်ရင်ညွှန့်ဖောက်ထွင်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူ စိုင်းခမ်းခေါင်၏ ရုပ်အလောင်းအားစစ်ဆေးနိုင်ရေး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိပြီး သက်ဆိုင်ရာမှ တရားခံဖမ်းဆီရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်