(မှုခင်း) ဇန်နဝါရီ ၂၀
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ (၂)လမ်း၊ အမှတ်(တကတ-၆၆/၂) နေအိမ်တွင် အထောက်အထားမဲ့ ထိုင်းနိုင်ငံသူတစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့နံနက်၇နာရီအချိန်က အမှတ်(၃၀)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး သောင်းရွှေ ဦးစီးပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ (၂)လမ်း၊ အမှတ်(တကတ-၆၆/၂) နေအိမ်တွင် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်း၌ ထိုင်းနိုင်ငံသူ Miss kittiya Butsangiam(ခ)Nook(မ)၊ ၂၈ နှစ်၊ (ဘ) ဦးဘန်ချာဘွန်းစငင်း၊ ထိုင်းမှတ်ပုံတင်အမှတ်၊ 1-7303-01159-50-7၊ ထိုင်း/ဗုဒ္ဓ၊ အမှတ်(၁၁/၄)၊ အကွက်(၄)၊ ထပ်လုံရပ်ကွက်၊ နခွန်ပထွန်မြို့၊ နခွန်ပထွန်ခရိုင်၊ ထိုင်းနိုင်ငံနေသူအား တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်း နေထိုင်မှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော် နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ထိုင်းနိုင်ငံနေသူ Miss kittiya Butsangiam(ခ)Nook(မ)အား မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ဝင်ရောက်လာခြင်းဟုတ်/ မဟုတ် စစ်ဆေးရန်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ အကြောင်းကြားထားကြောင်း၊ ဖမ်းဆီးရမိ ထိုင်းနိုင်ငံနေသူ Miss kittiya Butsangiam(ခ)Nook(မ)အား ဟောင်လိတ် နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
#PAN