
(ပြည်တွင်း) ဇန်နဝါရီ ၁၅
သီရိလင်္ကာနိုင်ငံမှာ တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရတဲ့ မုန်တိုင်းသင့် သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅၀၀ ကို ဇန်နဝါရီလ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal မှာလှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် ၅၀၀ ပေးပို့လှူဒါန်းမည့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma သို့ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးတို့က ဆန်တန်ချိန် ၅၀၀ သယ်ယူပို့ဆောင်မယ့် ကွန်တိန်နာများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။