(မှုခင်း)ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊၃၄×၃၅ လမ်းကြား၊၈၂×၈၃ လမ်းကြားရှိ နေအိမ်တွင် ယနေ့ညနေ၅နာရီ၂၅မိနစ်အချိန်က ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ၅နာရီ၄၀မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ညနေ၆နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့်မီးစတင်လောင်ကျွမ်းသည့် ဦးလှသိန်း၏နေအိမ်အပါဝင် နေအိမ် ၇လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင့်၊ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ စိစစ်မေးမြန်းခဲ့ရာ ဦးလှသိန်း၏ နေအိမ်တွင် ထမင်းပေါင်အိုးတည် ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှသိန်းအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN