
(ပြည်တွင်း) ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး၊ လွိုင်လင်နဲ့ ဟိုပုံးမြို့နယ်တွေက ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNO ပါတီက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပိုင်း ၁ အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ကြီး၊ လွိုင်လင်၊ ပင်းတယ၊ လင်းခေး၊ ဟိုပုံး၊ နမ့်စန် မြို့နယ်တွေမှာကျင်းပခဲ့တာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီကတော့ ပင်းတယ၊ နမ့်စန်မြို့နယ်တွေမှာတော့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သုံးရပ်လုံးအနိုင်ရရှိထားပြီး လင်းခေးမြို့နယ်ပြည်သူ့လွှတ်တော်နေရာကိုတော့ ရှမ်းနဲ့တိုင်းရင်းသားများဒီမျုကရက်တစ်ပါတီက အနိုင်ရရှိထားကာ ကျန်လွှတ်တော်နှစ်ရပ်ကိုတော့ ပြည်ခိုင်ဖြိုးက အနိုင်ရထားပါတယ်။
တောင်ကြီးမြို့နယ်မှာ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေကတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ကိုယ်စားလှယ်လောင်း ဒေါ်နန်းကျင်း (ခ) ဒေါ်နန်းစိန်(ပြည်သူ့)၊ ခွန်တင်ထွဋ်(အမျိုးသား) က အနိုင်ရရှိခဲ့သလို လွိုင်လင်မြို့နယ်မှာ PNO ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ခွန်အောင်ဆန်း(ပြည်သူ)၊ ခွန်တင်ထွဋ်(အမျိုးသား)၊ ခွန်သက်နိုင်(ပြည်နယ်)တို့ အနိုင်ရရှိထားပြီး ဟိုပုံးမြို့နယ်ကလွှတ်တော်သုံးရပ်လုံးကိုလည်း PNO ကပဲ အနိုင်ရထပါတယ်။
လင်းခေးမှာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းထွန်းစံ (ခ) စိုင်းဆေဟန် အနိုင်ရထားသလို ကျန်တဲ့ အမျိုးသားနဲ့ ပြည်နယ်လွှတ်တော်တွေမှာတော့ ပြည်ခိုင်ဖြိုးက အနိုင်ရထားတာဖြစ်ပါတယ်။