
(ပြည်တွင်း) ဒီဇင်ဘာ ၂၇
ရွေးကောက်ပွဲအပိုင်း ၁ ဖြစ်တဲ့ ဒိဇင်ဘာ ၂၈ ရက်နေ့မှာပါဝင်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို KNU/PDF က ညဘက် ဒရော့ဗုံးနဲ့ တိုက်ခိုက်နေပါတယ်။

KNU/PDF တွေရဲ့ ဒရော့ဗုံးဟာ ဘုရင့်နောင်လမ်းမှာရှိတဲ့ မြဝတီကြံ့ခိုင်ရေးရုံးရှေ့ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၈နာရီ ၄၀မိနစ် အချိန်ခန့်မှာ ကျရောက်ပေါက်ကွဲတာဖြစ်ပြီး အနီးပတ်ကျင်ကလူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့လည်း ကနဦး သိထားရပါတယ်။

“ပေါက်ကွဲသံအကျယ်ကြီးကြားနေရတယ်။ သေနတ်သံတွေလည်းကြားနေတယ်။ ကြံ့ခိုင်ရေးရုံးအရှေ့ကိုကျတာ အဲ့ဒီဘေးနားအိမ်က ကလေးတစ်ဦးအစ စင်တယ်လို့လည်းကြားတယ်။ အခုလည်းဆက်တိုက်ကျနေတယ်။ မနက်ဖြန်လည်း မဲပေးရမှာ” လို့ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး PAN က ဒေသကို ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံရရှိတဲ့သတင်းတွေကို ဆက်လက်တင်ပြပေးသွားပါမယ်။
#PAN