နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ နေပြည်တော်ကို ရောက်ရှိလာ

(ပြည်တွင်း) ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လာရောက်လေ့လာကြမယ့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေ နေပြည်တော်ကိုရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေဟာ ဒီနေ့ မနက် ၁၁ နာရီခန့်မှာ လေကြောင်းခရီးနဲ့  နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်ကိုရောက်ရှိလာတဲ့အဖွဲ့ထဲမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ
H.E Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xi Jun ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန်
နိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သောအဖွဲ့၊
ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် H.E. Mr. YICH Samethy ဦးဆောင်သော
အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc
Thinh ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar
ဦးဆောင်သော အဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။

​ပြီးခဲ့တဲ့နေ့တွေကလည်း ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei BASHAN ဦးဆောင်သောအဖွဲ့ နဲ့
လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံက Mr. Mario jose Armengol Campos ဦးဆောင်သောအဖွဲ့တို့ နေပြည်တော်သို့ ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

#PAN