(နိုင်ငံတကာ) အောက်တိုဘာ ၁၉
ပြင်သစ်နိုင်ငံတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ လူနေမှုစရိတ်ကြီးမြင့်မှုနှင့် အများပြည်သူဝန်ဆောင်မှုများ ယိုယွင်းလာမှုတို့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၂,၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဆန္ဒပြပွဲများတွင် လူဦးရေ ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး အများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပါရီအပါအဝင် မာဆေး၊ လီယွန်နှင့် လီလ်မြို့များ၌ မငြိမ်သက်မှုများ ဖြစ်ပွားခဲ့သည်။
လီမိုဂျ်မြို့ရှိ သမိုင်းဝင် မြို့တော်ခန်းမလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကြရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ကြရန် တိုက်တွန်းခဲ့သည်။
အစိုးရကလည်း အခြေအနေကို ထိန်းချုပ်နိုင်ရေး အရေးပေါ်အစည်းအဝေး ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN