ဆန္ဒမဲပေးခြင်း မပေးခြင်းက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်

(ပြည်တွင်း) ဒီဇင်ဘာ ၁၂

ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခြင်း မပေးခြင်းက နိုင်ငံသားတစ်ဦး၏ အခွင့်ရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန်မှာ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး က (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒီမိုက‌ရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲက အသက်ဖြစ်ပြီး ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနဲ့ ညီညွတ်ရန် အလေးထားဆောင်ရွက်နေကြောင်းလည်း ဦးအောင်လင်းဒွေး က ပြောကြားခဲ့ပါတယ်။

မဲပေးပိုင်ခွင့်ရှိသူအားလုံးက မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပါဝင်ဆန္ဒမဲပေးခြင်းနဲ့ နိုင်ငံသား တစ်ဦးရဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်လည်း ဦးအောင်လင်းဒွေး က တိုက်တွန်းပြောကြားထားပါတယ်။

လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။