

(မှုခင်း) ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ပိုင်ရှင် ဦးသိန်းဝင်း၏ (၂၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်၏ အပေါ်ထပ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်း မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၅)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသိန်းဝင်း(၅၅)နှစ်အား သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။