(မှုခင်း)စက်တင်ဘာ ၃၀
ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၄/၇-၁၆၅/၀ ကြားတွင် ခရီးသည်တင် EXPRESS ယာဉ် ၁စီး ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃၀ရက် နံနက်အပေိုင်းက ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်တွင် ရန်ကုန်မှနေပြည်တော်သို့ ယာဉ်မောင်းပါ အမျိုးသား ၁၂ဦး မောင်းနှင်လာသည့် 3F/4118 ၊ SCANIA အမျိုးအစား ဖြူ/နီ ရောင်၊ သစ်ဆန်းခရီးသည်တင် (EXPRESS) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဆွာချောင်းတံတားအဝင်ရှိ ယာဥ်ကြောခွဲခြားထားသည့် အကာအရံ များကိုတိုက်မိသောယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း အမြန်လမ်း အသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ၊ တံတားအဝင်အထက်များတွင်အရှိန်လျှော့၍အထူးသတိပြုမောင်းရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင် ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထား သည်။

Telegram – t.me/positiveanglenews
#PAN