အမြန်လမ်းတွင် Hijet ယာဉ်ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွား

(မှုခင်း)စက်တင်ဘာ ၃၀

ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၆၀/၁-၆၀/၂ ကြားတွင် ယာဥ်၁စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ရက် မွန်းလွဲ၃နာရီ၁၅မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းတွင် နေပြည်တော်မှရန်ကုန်သို့ ယာဉ်မောင်းပါ အမျိုးသား ၃ဦး၊အမျိုးသမီး ၃ ဦးစုစုပေါင်း ၆ဦး လိုက်ပါလာသည့် Hijet ယာဉ်သည် ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာ မရခဲ့သော်လည်းအမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ အသိပေး ထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews

#PAN