(မှုခင်း) စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း အဆင်းလမ်း မိုင်တိုင်အမှတ် (၁၀) မိုင် ၁ ဖာလုံ၌ စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အမျိုးသား ၂ ဦး ယာဉ်အတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးမှာ ဒဏ်ရာများ မစိုးရိမ်ရကြောင်း သိရပြီး စေတနာမွန်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN