လက်ရှိဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိ

(ပြည်တွင်း) နိုဝင်ဘာ ၁၄

လက်ရှိဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

၂၀၂၅-၂၀၂၆ ဧပြီလမှ အောက်တိုဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သန်းခွဲကျော် တင်ပို့ထားရာမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၉၉ သန်းရရှိခဲ့တာဖြစ်ပါတယ်။

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။

ဆန်နှင့်ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန်၊ ဇူလိုင်လတွင် ၂၃၀,၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂,၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈,၀၄၆ တန်နှင့် အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။