စင်္ကာပူက ဟိုတယ်တစ်ခုမှာတည်းခိုနေသူတစ်ဦး ဒေါ်လာ ၃၀၀၀ ခိုးယူခံရ

(နိုင်ငံတကာ) အောက်တိုဘာ ၂၀

စင်ကာပူနိုင်ငံ ဆင်္တါစိုရာကျွန်း ၁၀ အာတီးလရီလိပ်ကြားမှာရှိတဲ့ Village Hotel Sentosaမှာတည်းခိုနေသူတစ်ဦးရဲ့ ဒေါ်လာ ၃၀၀၀ ခိုးယူခံရမှု ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်မှာတည်းခို​​နေတဲ့ ဧည့်သည်ဟာ ဒေါ်လာတွေ ခိုးယူခံရတယ်လို့ အကူအညီတောင်းတာ ကြောင့်  ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ အကူအညီတောင်းခံမှုကို ကို ရဲတပ်ဖွဲ့က အဲ့ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်မှာလက်ခံရရှိခဲ့လို့ အကူအညီပေးနေတယ်လို့ ပြောပါတယ်။

အဆိုပါ ဧည့်သည်ဟာ သူ့ရဲ့ ဒေါ်လာ ၃၀၀၀ ကို ဟိုတယ်အကူဝန်ထမ်းက ခိုးယူသွားတယ်လို့ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Threads မှာ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ပို့စ်တစ်ခုတင်ခဲ့တယ်လို့လည်း သိရပါတယ်။

Village Hotel Sentosa ကို လည်ပတ်နေသည့် Far East Hospitality ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကုမ္ပဏီဟာ အောက်တိုဘာ ၁၇ ရက်က ဟိုတယ်မှာ ဧည့်သည်တစ်ဦးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်ကို သိရှိထားတယ်လို့ မီဒီယာကတဆင့်ပြောဆိုထားပါတယ်။

“ဟိုတယ်က အာဏာပိုင်တွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိလုပ်ငန်းစဉ်ကို ပံ့ပိုးပေးဖို့ ဧည့်သည်တွေနဲ့ အဆက်အသွယ်ရှိနေပါတယ်။  စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဒီအဆင့်မှာ မှတ်ချက်ပေးလို့မရပါဘူး”လို့ ဟိုတယ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပျောက်ဆုံးသူဧည့်သည်ဟာ ပလပ်စတစ်အိတ်အတွင်းမှာထည့်ထားတဲ့ ငွေသားဒေါ်လာ ၃၀၀၀ ခန့်ကို သူတည်ခိုရာ ဟိုတယ်အခန်းမှာထားကာ အောက်တိုဘာ ၁၆ ရက်ညက Universal Studios Singapore ဟိုတယ်အခန်းက ထွက်ခွာခဲ့စဥ်ပျောက်ဆုံးခဲ့တာလို့ ပြောဆိုထားပါတယ်။

#PAN