(ပြည်တွင်း) အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဟာ မကြာခင်ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ ပါဝင်အရွေးချယ်ခံသွားမယ်လို့ သိရပါတယ်။

ဦးမျိုးဆွေဝင်းဟာ ပဲခူးမြို့နယ်မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံမယ်လို့ သိရပါတယ်။
၁၉၆၁ ခုနှစ်ဖွား အသက် ၆၄ အရွယ်ရှိတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဟာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယရဲမှူးအဆင့်ကနေ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရကဖ ၁ ကွပ်ကဲရေးမှူး၊ ရဲဦးစီးအရာရှိချုပ် ဒုတိယရဲချုပ်(၁) စတဲ့ တာဝန်တွေထမ်းဆောင်ခဲ့သလို ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။
#PAN