(ပြည်တွင်း) ဩဂုတ် ၂၀

လာမည် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည် ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယ နေ့ ဩဂုတ်(၂၀)ရက် ညပိုင်းတွင်ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် ကချင်ပြည်နယ် တွင် (၆)မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၈ မြို့နယ် ၊ မကွေးတိုင်းဒေသကြီးတွင် ၉ မြို့နယ်၊ မန္တ လေးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မွန်ပြည်နယ်တွင် ၅ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၈ မြို့နယ် နှင့် နေပြည်တော်တွင် ၈ မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက် အပြည့်အစုံကို နိုင်ငံပိုင်သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


#PAN