(ပြည်တွင်း) ဇူလိုင် ၁၁

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်းအား အကြမ်းဖက် PDF အဖွဲ့ မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က သာဝတ္ထိအုပ်စု၊ စက်ရုံစုရပ်ကျေးရွာ၊ သာဝတ္ထိဘူတာအနီးလူသွားလမ်းပေါ်၌ အရှည် (၁)ပေခွဲခန့်ရှိ ရှော့တိုက်လက်လုပ်စိန်ပြောင်း (၁၀)လုံးတွဲဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးကွဲပြီး တစ်လုံးမှာ ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူ/တိရစ္ဆာန်၊ အဆောကိအဦထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုမှာ သာဝတ္ထိနယ်မြေရဲစခန်းအား တိုက်ခိုက်ခြင်းဖြစ်ပြီး စခန်းသို့ မရောက်ရှိဘဲ လမ်းပေါ်၌ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews