Online Slot game၊ ဘောလုံးလောင်းကစားနှင့် သုံးလုံးထီလောင်းကစား များအား ကြော်ငြာဖြန့်ဖြူးထားရှိသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၈

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီး သိုက်ချောင်းလမ်းဆုံထိပ်တွင် အမည်မသိလူတစ်ဉီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်မေးရာမှ Online Slot game၊ ဘောလုံးလောင်းကစားနှင့် သုံးလုံးထီလောင်းကစား များအား ကြော်ငြာဖြန့်ဖြူးထားရှိသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန်လ ၃ရက်နေ့ နံနက်ပိုင်းအစောပိုင်းက လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း ဒုစရိုက်မှုလျော့နည်း ကျဆင်းရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ငိုက်ချောင်းလမ်းဆုံထိပ်တွင် သန့်ဇင်ကိုကို(၂၃)နှစ်၊ (ဘ)ဦးအေးကျော်၊ စိမ်းစားပင်ကျေးရွာ၊ မအူတောအုပ်စု၊ ဇေယျာမြို့နယ်နေသူအား တွေ့ရှိစစ်ဆေးရာ ၎င်းကိုင်ဆောင်သော adidas အမျိုးအစားအနက်ရောင် ဘေးလွယ်အိတ် အတွင်းမှ ဖုန်းအမှတ် ၀၉-၆၆၂၅၅၅၃၇၈/၀၉-၉၅၅၄၆၃၅၀၇ ဆင်းကဒ်ပါ Redmi Note-13 Pro(IMEI-868473068278001)အမျိုးအစား မိုးပြာရောင်လက်ကိုင်ဖုန်းတစ်လုံးအား ထပ်မံ တွေ့ရှိရပြီး စစ်ဆေးရာ ဖုန်းအတွင်းရှိ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်၌ Zing Gyi Betting အမည်ဖြင့် Online Slot game၊ ဘောလုံးလောင်းကစားနှင့် သုံးလုံးထီလောင်းကစား များအား ကြော်ငြာဖြန့်ဖြူးထားရှိကြောင်းနှင့် ဆင်းကဒ်အမှတ် ၀၉-၆၆၂၅၅၅၃၇၈ အသုံးပြု ကာ Thant Zin Ko Ko အမည်ပါ viber accountဖြင့် တရားမဝင် Online လောင်းကစားများ အား viber message မှတစ်ဆင့် အပြန်အလှန်ပေးပို့ပြီး ဆင်းကဒ်အမှတ် ၀၉-၉၅၅၄၆၃၅၀၇ ဖြင့် ဖွင့်လှစ်ထားရှိသော Thant Zin Ko Ko အမည်ပါ KBZ pay account အတွင်းမှ လက်ကျန်ငွေ(၂၂၆၇၆၂)ကျပ်နှင့် ဆင်းကဒ်အမှတ် ၀၉-၆၆၂၅၅၅၃၇၈ ဖြင့် ဖွင့်လှစ်ထားရှိသော Thant Zin Ko Ko အမည်ပါ Wave pay acoount အတွင်းမှ လက်ကျန်ငွေ(၄၂၅၀)ကျပ်တို့ဖြင့် ငွေသွင်း/ငွေထုတ်များပြုလုပ်ပြီး Oline လောင်းကစားများ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအားအသုံးပြု၍ Facebook လူမှုကွန်ယက်စာမျက်နှာနှင့် viber software တို့အားအသုံးပြုကာ KBZ pay account၊ Wave pay acoount များဖြင့် ငွေသွင်း/ငွေထုတ် များပြုလုပ်ပြီး တရားမဝင် Oline လောင်းကစားခြင်းပြုလုပ်နေသူ သန့်ဇင်ကိုကိုအား ဥပဒေအရ အရေးယူရန်ရေး ဆက်လက်စသ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။