



(မှုခင်း) ဇွန် ၉
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်၊ ရေဆင်းကျေးရွာတွင် လျပ်စစ်မီးသီးအပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့မွန်းလွဲ၂နာရီခွဲအချိန်က ရေဆင်းရွာနေ ဦးကျော်မင်း ၅၄ နှစ်၊(ဘ)ဦးစံဖုန်း၏ နေအိမ်အနောက် ရှိ အလျား ၁၅ ပေ၊အနံ ၂၀ ပေ ရှိ သွပ်မိုးထရံကာ ကြက်သွန်နီ နှင့် ဝါးများထည့်ထားသည့်ဂိုဒေါင် မှာ LED လျပ်စစ်မီးသီးအပူလွန်ကဲမှုကြောင့် ဂိုဒေါင်အဟောင်းမီးလောင်းကျွမ်းခဲ့မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဥ် ၄ စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ၂နာရီ၅၀မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ၃နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။