

(မှုခင်း) ဇွန် ၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၇၇/၅-၆)ဖာလုံကြားတွင် ယမန်နေ့ နံနက်၈နာရီကျော်အချိန်က ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဥ်တိမ်းမှောက်သည့်နေရာသို့ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း တပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Toyota Hilux အမျိုးစား(မီးခိုး)ရောင်ယာဉ်မှာ၊အဆိုပါမိုင်တိုင်ကြားအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်းရှိခရေပင်အားဝင်ရောက်တိုက်မိ၍ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ တိမ်းမှောက်ရပ်တန့်သွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းကျား(၂)ဦး မ(၁)ဦး ကလေးကျား(၂)ဦး မ(၁)ဦး ပေါင်း(၆)ဦးအနက်၊ကျား(၁)ဦး၊မ(၁)ဦး ကလေးကျား(၁)ဦး မ(၁)ဦးပေါင်းပေါင်း(၄)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်များဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။