အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကြောင့် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ

(မှုခင်း) ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့ပေါ်သို့ ယမန်နေ့နံနက်၁၀နာရီကျော်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ရှော့တိုက်ဒုံး ၇လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံး ၇လုံးအနက် မတ္တရာမြို့အဝင် လုံခြုံရေးဂိတ် (မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့)အနီး လမ်းပေါ်သို့ ၁လုံး၊မတ္တရာမြို့နယ် အခွန်ဦးစီးဌာနရုံးအနီးတွင် ၁လုံး၊လယ်ကွက်ထဲသို့ ၅လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရှော့တိုက်ဒုံးပေါက်ကွဲမှုကြောင့် မြို့နယ်အခွန်ရုံးအနီးမှ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးနှင့်လူ/တပ်ဖွဲ့ဝင်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။