ယင်းမာပင်မြို့နယ်တွင် ဂိတ်ကြေးကောက်ခံနေသော PDF အဖွဲ့ ရှင်းလင်းခံရ

(မှုခင်း) ဇွန်လ ၆

စစ်ကိုင်းတိုင်းဒေသကြီး ၊ယင်းမာပင်မြို့နယ် ထန်းဇင်ရွာအနီး လေညှင်းတောင် -ကံစုရွာလမ်းခွဲတွင် ဂိတ်ကြေးကောက်ခံနေသော အကြမ်းဖက်PDFအဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီ ၃၅ မိန်အချိန်ခန့်တွင် လုံခြုံရေးအဖွဲ့မှ ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထန်းဇင်ကျေးရွာ PDFအဖွဲ့ ၇ ဦးခန့်မှ ကား ၂ စီးကိုရပ်ခိုင်းပြီးဂိတ်ကြေးကောက်ခံနေစဥ် လုံခြုံရေးပူးပေါင်းအဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရတာဖြစ်ကြောင်း ထန်းစဥ်တောတိုက်နယ်နေသူ တစ်ဦးက PAN ကိုပြောသည်။

အကြမ်းဖက် PDFအဖွဲ့ ဝင် ၇ ဦးခန့်သည် သေနတ် ၃ လက်ဖြင့် ကား ၂ စီးကို ရပ်ခိုင်းပြီး ဂိတ်ကြေးကောက်နေစဥ် လုံခြုံရေးပူးပေါင်းအဖွဲ့မှ တွေ့ရှိသဖြင့် လက်ဦးမှုရယူ၍ ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်PDFအဖွဲ့ဝင် ၂ ဦး ထိမှန်ဒဏ်ရာဖြင့်ဆုတ်ခွာထွက်ပြေးသွားကြောင်းမြေပြင်သတင်းအရသိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့ကင်းပတ်နေသည်ကို မြင်သွားသည့် ယာခင်းထဲမှ အမျိုးသမီးတွေက တအူအူအော်ဟစ်ပြီး ၎င်းတို့PDFအဖွဲ့တွေကို အချက်ပေးခဲ့ပြီး ရုတ်ရုတ်သဲသဲစဖြစ်ချိန်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူပြီးပစ်ခတ်ရခြင်းဖြစ်ကြောင်း ၊ ကားစပယ်ယာ၏ လကမောင်းအားရှပ်ထိသွာကြောင်းသိရပါသည်။

ဇွန်လ ၂ ရက်နေ့ကစပြီး မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင်အမှတ် ၄ တွင်လည်း အကြမ်းဖက်PDFအဖွဲ့ဝင် ၃၀ ဦးခန့်သည် စနိုက်ပါ ၃ လက်အပါဝင် လက်နက်အပြည့်စုံံဖြင့် ကင်းပုန်းဝပ်၍ စောင့်ဆိုင်းနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦး၏ ပြောပြချက်အရသိရသည်။