
(အားကစား)
မေလ ၂၉ ရက်အစောပိုင်းက ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းက ဘက်တစ်အသင်းကို ၄ ဂိုး ၁ တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွန်းဖရန့်လိဂ် ချန်ပီယံကို ရရှိခဲ့ပါတယ်။
အခုပွဲစဉ်မှာ ပထမပိုင်းပွဲစဉ်တွင် ဘက်တစ်အသင်း က ချဲလ်ဆီးအသင်းကို ပွဲချိန် ၉ မိနစ်မှာ အက်ဇယ်ဇူလီ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဘက်တစ်အသင်းက ချဲလ်ဆီးအသင်းကို ပွဲချိန် မိနစ် ၆၀ ကျော်အထိ ဖိအားပေး ကစားထားနိုင်ပေမယ့် အဆုံးသတ်မသေချာမှုတွေကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။
ပွဲချိန် ၆၅ မှာ အန်ဇိုဖာနန်ဒက်ဇ် က ချဲလ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အနိုင်သေချာစေမယ့်သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇၀ မိနစ်မှာ ဂျက်ဆန်၊ ပွဲချိန် ၈၃ မိနစ်မှာ ဆန်ချို နှင့် ပွဲချိန် ၉၁ မိနစ်မှာ ကိုင်စီဒို တို့ကသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းက ဥရောပပြိုင်ပွဲ သုံးခုမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။