(နိုင်ငံတကာ) မေလ ၂၉

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံနယ်စပ် အငြင်းပွားနယ်မြေအနီးမှာ နှစ်နိုင်ငံတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုတွင် ကမ္ဘောဒီးယားနိုင်ငံဘက်က တပ်ကြပ်တစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ကမ္ဘောဒီယားနိုင်ငံက ပုံမှန်ကင်းလှည့်ချိန်အတွင်း ထိုင်းစစ်တပ်က စတင်ပစ်ခတ်တာလို့ စွပ်စွဲထားသလို ထိုင်းနိုင်ငံဘက်ကလည်း အငြင်းပွားနယ်မြေထဲ ကျူးကျော်ဝင်ရောက်ခဲ့လို့ ပစ်ခတ်တာလို့ ပြန်လည်တုံပြန်ထား ပါတယ်။
တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ပြည်သူတွေစိတ်အေးအေးထားဖို့အတွက် တောင်းဆိုထားကာ နှစ်နိုင်ငံကြား ဒီကိစ္စအတွက် အေးအေးချမ်းချမ်း ညှိနှိင်းဖြေရှင်းသွားမယ်လို့ အသိပေးခဲ့တယ်လို့သိရပါတယ်။
Telegram»…
https://t.me/positiveanglenews